Wednesday, December 19, 2012

နှလုံးသားတခုရဲ့ ငရဲ

အပူမီးလား ..အလွမ်းမီးလား..အမုန်းမီးလား .. တိုးတိုးလေး ပဲ သူ့နာမည်ကိုရေရွတ်မိတယ်.. မျက်ရည်စတွေ ခုန်ပေါက်ပြေးဆင်းလာတယ်.. ငါ့နုတ်ခမ်းကွေးညွတ်သွားတယ်.. နာကျင်လွန်းလို့ပါ.. ငါနေကောင်းပါတယ်..ငါအဆင်ပြေနေပါတယ်၊ .ငါပျော်ပါတယ်.။ အေးစက်နေတဲ့ ငါ့လက်ထက် ငါ့နှလုံးသားကပိုအေးခဲနေရင်ပိုကောင်းမယ်..။ ရင်ထဲက ချစ်ခြင်းဖွဲ့ဆိုစကားတွေ ဘယ်တော့မှထွက်မလာနိုင်တော့ဘူး.. ငါ နာကျင်စွာနဲ့ ရယ်လိုက်ပြန်ရော။
ကျေးဇူးပြု၍ ထွက်သွားပါအဝေးဆုံးကို... သံသရာ တပတ်လည်တဲ့အခါ ပြန်တွေ့ရင် မသိကြေးနော် လို့ ငါ ရည်ရွတ်မိတယ်။ (Ivy.TG)

အလွမ်း

ငါ အဝေးကြီး ထွက်သွားဖူးတယ်..နင်ငါ့ကိုရအောင်ပြန်ခေါ်ခဲ့တယ်။ အခု နင် အဝေးကြီးထွက်သွားတယ်.. ငါ နင့်ကိုရအောင်ပြန်မခေါ်နိုင်တော့ဘူး(ပြန်လမ်းမရှိကိုရွေးတာကိုး) ။ ငါ မရှိရင် မပျော်ဘူးပြောခဲ့တဲ့နင့်ကို..အခု နင်မရှိတော့ ငါမပျော်နိုင်တော့ဘူးကွယ် ။ ငါတိုးတိုးလေးပဲ ရေရွတ်မိတယ်.."ငါသိပ်လွမ်းနေပြီ" ။ IVY.TG