Friday, August 17, 2012

အချစ်ရဲ့ ဒဏ်ရာ ကကြိုး

ဝင်သက်နဲ့ ထွက်သက်ကြားမှာ ငါဟာသေနေ့စေ့တော့မယ် လူတယောက်လို ခပ်ယဲ့ယဲ့လေးရူနေမိတယ်..။ ကလေးလေး တယောက်လိုငိုနေမိတာ မရင့်ကျက်ဘူးလို့ နင်ပြောချင်ပြော.. ငါ သေလုမတတ်ခံစားနေတာတော့အမှန်ပဲ။ အချစ်ကြောင့်မသေနိုင်ပေမဲ့..မထင်မှတ်တဲ့အချစ်ကို. သေတဲ့အထိ ငါ့နလုံးသားကချစ်နေမယ်လို့ ငါ့ကိုယ်ငါသိလိုက်တဲ့အချိန်မှာ နင့်မျက်နှာကို အလန့်တကြားကြည့်မိတယ်..။ ငါ့ကိုခွဲသွားမှာ ငါတုန်လူပ်တယ်.. ငါ ဟာ နင့်အတွက်ဘာလဲ၊ ငါဟာ နင့်အတွက် ဘယ်လောက်အရေးပါလဲ ငါမသိဘူး။ ဒါပေမယ် နင်ဟာ ငါ့ အသက်လိုဖြစ်လာတယ်.. အချစ်ကို ကိုးကွယ်မိတဲ့ ငါ့ကံကို ငါစိတ်ဆိုးချင်တယ်..။ ငါ မလွမ်းရဲတော့ဘူး..ငါ မလွမ်းချင်ဘူး.နင့်အချစ်ကိုငါမလွမ်းပါရစေနဲ့.. နင့်အနမ်းတွေကိုငါမလွမ်းပါရစေနဲ့. လွမ်းတဲ့ရောဂါဟာ ငါ့ကို မသေစေနိုင်ပေမယ့်... ငါထပ်ခါ သေလုမတတ်ခံစားရတော့မယ်ဆိုတာ ငါကြိုသိနေတော့..ညအမှောင်နက်လေငါ့ဒဏ်ရာနက်လေသလိုမျိုး၊ ..အာရုဏ်တတက်ထိ ငါ မျက်စိမပိတ်နိုင်ပဲ.. ဘာကိုမှန်းမသိ လေထဲက တခုခု ကိုဆုပ်ကိုင်ထားနေမိတယ်..။ အေးစက်နေတဲ့ ငါ့လက်တစ်စုံဟာ နင့်ကိုပဲတမ်းတနေမှာပါ။ (ချစ်သူ TG)