Wednesday, December 19, 2012
နှလုံးသားတခုရဲ့ ငရဲ
အပူမီးလား ..အလွမ်းမီးလား..အမုန်းမီးလား ..
တိုးတိုးလေး ပဲ သူ့နာမည်ကိုရေရွတ်မိတယ်..
မျက်ရည်စတွေ ခုန်ပေါက်ပြေးဆင်းလာတယ်..
ငါ့နုတ်ခမ်းကွေးညွတ်သွားတယ်..
နာကျင်လွန်းလို့ပါ..
ငါနေကောင်းပါတယ်..ငါအဆင်ပြေနေပါတယ်၊ .ငါပျော်ပါတယ်.။
အေးစက်နေတဲ့ ငါ့လက်ထက် ငါ့နှလုံးသားကပိုအေးခဲနေရင်ပိုကောင်းမယ်..။
ရင်ထဲက ချစ်ခြင်းဖွဲ့ဆိုစကားတွေ ဘယ်တော့မှထွက်မလာနိုင်တော့ဘူး..
ငါ နာကျင်စွာနဲ့ ရယ်လိုက်ပြန်ရော။
ကျေးဇူးပြု၍ ထွက်သွားပါအဝေးဆုံးကို...
သံသရာ တပတ်လည်တဲ့အခါ ပြန်တွေ့ရင် မသိကြေးနော် လို့ ငါ ရည်ရွတ်မိတယ်။
(Ivy.TG)
အလွမ်း
ငါ အဝေးကြီး ထွက်သွားဖူးတယ်..နင်ငါ့ကိုရအောင်ပြန်ခေါ်ခဲ့တယ်။
အခု နင် အဝေးကြီးထွက်သွားတယ်.. ငါ နင့်ကိုရအောင်ပြန်မခေါ်နိုင်တော့ဘူး(ပြန်လမ်းမရှိကိုရွေးတာကိုး) ။
ငါ မရှိရင် မပျော်ဘူးပြောခဲ့တဲ့နင့်ကို..အခု နင်မရှိတော့ ငါမပျော်နိုင်တော့ဘူးကွယ် ။
ငါတိုးတိုးလေးပဲ ရေရွတ်မိတယ်.."ငါသိပ်လွမ်းနေပြီ" ။ IVY.TG
Tuesday, September 11, 2012
အရောင်လွင့် သွားသောအိမ်မက်တခု
ကိုယ်လိုချင်တဲ့ အိမ်မက်တစ်ခုကို ထုဆစ်ရင်း..
ဒီအိမ်မက်က ရုပ်လုံးပျောက်လာတယ်..
ငါအရမ်းညံ့နေလို့လား၊ မမက်သင့်တဲ့အိမ်မက်ဖြစ်နေလို့လား..
မေးခွန်းပေါင်းစုံ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်တော့..
ဒီအိမ်မက် က ငါ့အိမ်မက်မဟုတ်တော့သလိုပဲ။
တစုံတယောက်ရဲ့ အိမ်မက်မှာ ငါခဏပါသွားသလိုမျိုးပဲ ..
အဆုံးသတ်တနေရာမှာ ဒီအိမ်မက်လှပနိုင်ပါစေ။ (Ivy.TG)
Friday, August 17, 2012
အချစ်ရဲ့ ဒဏ်ရာ ကကြိုး
ဝင်သက်နဲ့ ထွက်သက်ကြားမှာ
ငါဟာသေနေ့စေ့တော့မယ် လူတယောက်လို
ခပ်ယဲ့ယဲ့လေးရူနေမိတယ်..။
ကလေးလေး တယောက်လိုငိုနေမိတာ မရင့်ကျက်ဘူးလို့ နင်ပြောချင်ပြော..
ငါ သေလုမတတ်ခံစားနေတာတော့အမှန်ပဲ။
အချစ်ကြောင့်မသေနိုင်ပေမဲ့..မထင်မှတ်တဲ့အချစ်ကို. သေတဲ့အထိ ငါ့နလုံးသားကချစ်နေမယ်လို့ ငါ့ကိုယ်ငါသိလိုက်တဲ့အချိန်မှာ
နင့်မျက်နှာကို အလန့်တကြားကြည့်မိတယ်..။
ငါ့ကိုခွဲသွားမှာ ငါတုန်လူပ်တယ်.. ငါ ဟာ နင့်အတွက်ဘာလဲ၊ ငါဟာ နင့်အတွက် ဘယ်လောက်အရေးပါလဲ ငါမသိဘူး။
ဒါပေမယ် နင်ဟာ ငါ့ အသက်လိုဖြစ်လာတယ်.. အချစ်ကို ကိုးကွယ်မိတဲ့ ငါ့ကံကို ငါစိတ်ဆိုးချင်တယ်..။
ငါ မလွမ်းရဲတော့ဘူး..ငါ မလွမ်းချင်ဘူး.နင့်အချစ်ကိုငါမလွမ်းပါရစေနဲ့.. နင့်အနမ်းတွေကိုငါမလွမ်းပါရစေနဲ့.
လွမ်းတဲ့ရောဂါဟာ ငါ့ကို မသေစေနိုင်ပေမယ့်...
ငါထပ်ခါ သေလုမတတ်ခံစားရတော့မယ်ဆိုတာ ငါကြိုသိနေတော့..ညအမှောင်နက်လေငါ့ဒဏ်ရာနက်လေသလိုမျိုး၊ ..အာရုဏ်တတက်ထိ ငါ မျက်စိမပိတ်နိုင်ပဲ..
ဘာကိုမှန်းမသိ လေထဲက တခုခု ကိုဆုပ်ကိုင်ထားနေမိတယ်..။ အေးစက်နေတဲ့ ငါ့လက်တစ်စုံဟာ နင့်ကိုပဲတမ်းတနေမှာပါ။
(ချစ်သူ TG)
Subscribe to:
Comments (Atom)



